နယူးဇီလန်နိုင်ငံမှာပဲပေါက်နိုင်တဲ့ Harakeke အပင်နဲ့အဓိကထား ထုတ်လုပ်ထားတာကြောင့် အသားအရေကိုသာမန်ထက်စိုပြေဝင်းပစေပြီး တစ်နေကုန်ရေဓာတ်ပြည့်ဝနေစေတဲ့အပြင် စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပါတယ်။
အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း ရေဓာတ်ဖြည့်တင်းချင်တဲ့ အသားအရေပိုင်ရှင်များနဲ့ အထူးသင့်တော်မယ့် Hydrating Series လေးဖြစ်ပါတယ်။
Harakeke ဆိုတာကတော့ သဘာဝတရားကြီးကပေးစွမ်းတဲ့ ရေဓာတ်ဖြည့် ပစ္စည်းကောင်းလေးတစ်ခုပါ...
သူ့မှာပါဝင်တဲ့ ရေဓာတ်ပမာဏက ရှားစောင်းလက်ပတ်ထက် ( 3 ) ဆ ပိုမို များပြားပြီး အစိုဓာတ်ပိုဖြည့်ပေးနိုင်တာကြောင့် အသားခြောက်သူတွေအတွက်တော့ အထူးအထူးသင့်လျော်ပါတယ်...
ဒီ Harakeke Foam Cleanser လေးကတော့ အရေပြားအတွင်းပိုင်းအလွှာထဲထိ နက်နက်ရှိုင်းရှိုင်းသန့်စင်ပေးတာကြောင့် အညစ်အကြေးတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ အသားအရေပျက်စီးခြင်းကလည်း ကာကွယ်ပေးပါတယ်နော်...
အစိုဓာတ်ကိုပြည့်ဝစေပြီး အသားအရေကိုစိုပြေကြည်လင်စေလို့ လှသည်ထက်ပိုပိုလှစေမှာပါနော်...