ဝင်းမွှတ်ချောမွေ့တဲ့အသားအရေနဲ့ သာယာကြည်နူးဖွယ်နေ့သစ်ကိုကြိုဆိုလိုက်ရအောင်။
အဲ့ဒီလိုအသားအရေမျိုးရရှိဖို့ဆိုရင် ပုံမှန် skincare သုံးရုံနဲ့မလုံလောက်ဘူးနော်။ တစ်ပါတ်ကိုအနည်းဆုံးတစ်ကြိမ်လောက်တော့ Sheet mask သုံးပေးသင့်ပါတယ်နော်။ Mask သုံးခြင်းဟာ အသားအရေအတွက် ထိရောက်တဲ့အထောက်အကူ ဖြစ်စေပါတယ်။
အဲ့လိုအသုံးပြုသင့်တဲ့ Mask တွေအများကြီးရှိတဲ့အထဲကမှ ထူးခြားကောင်းမွန်တဲ့ DR.WU Hydrating Mask လေးနဲ့မိတ်ဆက်ပေးပါရစေ။
DR.WU Hydrating Mask လေးဟာ Hyaluronic Acid ကို အဓိကပါဝင်ပစ္စည်းနေနဲ့အသုံးပြုထားပါတယ်။
Hyaluronic Acid ဟာဆိုရင် အသားအရေကို ရေဓာတ်အပြည့်အဝ ဖြည့်ဆည်းပေးတဲ့အပြင် အသားအရေမှာရှိနေတဲ့ ရေဓာတ်ကိုရော အစိုဓာတ်ကိုရော မဆုံးမရှုံးအောင်ပြုလုပ်ပေးပါတယ်။
ဒါကြောင့်အသားအရေဟာ ရေဓာတ်ပြည့်ဝပြီး ကြည်လင်စိုပြေစေမှာ အမှန်ပဲဖြစ်ပါတယ်။ အသားအရေကို တင်းတင်းရင်းရင်းနဲ့ ကျန်းမာစိုပြေတဲ့ အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။
ဒီ Hydrating Mask ရဲ့ အထူးခြားဆုံးအချက်ကတော့ ဝက်ခြံဖြစ်တဲ့အသားအရေ၊ တင်းတိတ်ဖြစ်တဲ့အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ရေဓာတ်ဆုံးရှုံးနေတဲ့အသားအရေ စတဲ့ အသားအရေအမျိုးအစား အားလုံးအတွက် သင့်တော်ပါတယ်။
ပိုမိုထိရောက်သော ရလဒ်အတွက် တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်သုံးပေးပါ။ တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ထားရန်။
ပိုမိုကောင်းမွန်သော Result အတွက် Mask ကိုခွာချလိုက်ချိန်တွင် serum အရည်များစိမ့်ဝင်သွားအောင် လက်ဖြင့် အသာယာနှိပ်ပေးပြီး Dr.Wu Skincare များကို အဆင့်ဆင့် ဆက်သုံးပေးပါ။
အပြင်ဘက်က Plastic အလွှာကို ခွာထုတ်လိုက်ပါ။ Mask ကိုသေချာညီအောင် နေရာချပါ။
ကျန်သည့် အပြာရောင်ပိတ်စကို တစ်ဖက်မှခွာလိုက်ပါ။ ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်အထိ ခဏကပ်ထားပါ။
Average Rating (0 REVIEWS)
Related Products
