အသားအရေသံချေးတက်ခြင်း (ဓာတ်တိုးခြင်း) ကိုတိုက်ခိုက်ပေးမယ့် Hero လေး Hydrating Serum
အသားအရေကိုအဆိုးရွားဆုံးဒုက္ခပေးတဲ့အရာတွေထဲမှာဓာတ်တိုးခြင်းဆိုတာ ထိပ်ဆုံးနေရာကရပ်တည်နေပါတယ်။
ဒီ Hydrating Serum ဟာဆိုရင် ဓာတ်တိုးခြင်းကို အဓိကကာကွယ်တားဆီးပေးကာ အေးမြပြီးအသားထဲစိမ့်ဝင်နိုင်စွမ်းကြောင့် အရေပြားအလွှာတွေ အထဲအထိစိမ့်ဝင်ပြီး ရေဓာတ်ကိုအကြာကြီးထိန်းပေးနိုင်ပါတယ်။
အပေါ်ယံပဲ အစိုဓာတ်ထိန်းပေးတာမဟုတ်လို့ မျက်နှာအရေပြားကို သိသိသာသာကြည်လင်တင်းရင်းလာအောင်လုပ်ပေးနိုင်ပါတယ်။
ပျက်ဆီးနေသော မျက်နှာအရေပြားကိုပြန်လည်ပြုပြင်ပေးတယ်။
နဂိုအတိုင်းပြန်လည်ရောက်ရှိစေတယ်။
အသားအရေကြမ်းတမ်းခြင်းကိုသက်သာစေပြီး နူးညံ့ပြီးချောမွေ့တဲ့အသားအရေအထိအတွေ့ကိုဖြစ်စေပါတယ်။
ဆဲလ်အသစ်ဖြစ်ပေါ်တာကို အထောက်အကူပြုပြီး anti-oxidiant တွေပါတာမို့ အရေပြားကိုအိုမင်းရင့်ရော်တာကို အထိုက်အလျှောက်တားပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းအနေဖြင့် အသုံးပြုထားသော Hyaluronic Acid ဟာဆိုရင် ရေဓာတ်ကိုထိန်းထားပေးနိုင်သောသဘာဝပစ္စည်းဖြစ်တာကြောင့် အသားအရည်ခြောက်သွေ့မှုကိုကာကွယ်ပေးပြီး အသားအရည် ရေဓာတ်ပြည့်ပြီးကြည်လင်စေပါတယ်။
အရောင်နှင့်အနံ့မပါဝင်တဲ့အတွက် Sensitive Skin သမားတွေအတွက်အထူးသင့်တော်တဲ့ Serum လေးပဲဖြစ်ပါတယ်။
တစ်နေ့တာလုံးအဆီပြန်ခြင်းကင်းပြီးရေဓာတ်ပြည့်ဝစိုပြေစေမည့် DR.WU Hydrating Serum လေးပါ။