DR.WU Hydrating Gel လေးက အပေါ့ပါးဆုံး texture နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် အဆီပြန်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ။
👨 လိမ်းလိုက်တာနဲ့ အေးအေးလေးဖြစ်သွားတဲ့ အထိအတွေ့ပေးတယ်။
👨 လိမ်းပြီးတာနဲ့ ချက်ချင်းကို ရေဓာတ်ပြည့်ဝပြီး ကြည်လင်မှုကို တွေ့ရမှာပါ။
👨 Serum တစ်ခုခုလိမ်းပြီးတာနဲ့ ဒီ gel လေးကို လိမ်းပေးရမှာပါ။
👨 Gel လေးကို စမ်းချင်တဲ့သူတွေအတွက် စမ်းလို့ရအောင် အထုတ်လေးတွေထုတ်ပေးထားတာပါ။
DR.WU Hydrating Series လေးကို Fifth-generation HYALUCOMPLEX Hydrating System နဲ့ထုတ်ထားပါတယ်။
Hyalu-Complex Hydrating Formula ရဲ့ အကျိုးကျေးဇူးလေးတွေ ရှင်းပြပေးမယ်နော်။
Sodium Hyaluronate ရဲ့ အာနိသင်က Locks in Moisture (လျင်မြန်စွာ အစိုဓာတ်/ရေဓာတ်ထိန်းသိမ်းပေးတဲ့ အာနိသင်) လို့ ပြောလို့ရပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် အရေပြားပေါ်မှာ Moisture ဓာတ်တွေကို ထိန်းသိမ်းဖို့အတွက် တင်းတင်းလေးနဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အလွှာတစ်လွှာအဖြစ် ဖန်တီးလိုက်တယ်။ ပြီးတာနဲ့ ရေဓာတ်ဆုံးရှုံးမှုကို အဆုံးစွန်ထိ ကာကွယ်ပေးတယ်။
Hyalo-Oligo ရဲ့ အာနိသင်က Replenishes Moisture (လျင်မြန်စွာ အစိုဓာတ်/ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ အာနိသင်)
လို့ ပြောလို့ရပါတယ်။ ဘယ်လိုအာနိသင်မျိုးပေးမလဲဆိုရင် သူ့ရဲ့ ပေါ့ပါးတဲ့ မော်လီကျူးလေးတွေကြောင့် အသားအရေထဲ စိမ့်ဝင်နိုင်မှု အမြင့်ဆုံးပေးနိုင်တယ်။ အဲ့တော့ ရေဓာတ်ပြည့်ဝစေမယ့် အာဟာရတွေကို အသားအရေရဲ့အတွင်းပိုင်းအထိ ပို့ဆောင်ပေးပြီး ရေဓာတ်ဆုံးရှုံးခြင်းကို ပြုပြင်ပေးတယ်။
Hyalufix GL ရဲ့ အာနိသင်က Retains Moisture (အစိုဓာတ်/ရေဓာတ်ကို အမြင့်ဆုံး/အကောင်းဆုံး level အထိ
ဆက်လက်ထိန်းသိမ်းပေးတဲ့ အာနိသင်) လို့ပြောချင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုရင် ဖြည့်တင်းပေးပြီးသား ရေဓာတ်တွေကို ထပ်ပြီး မဆုံးရှုံးအောင် အမြင့်ဆုံး level အထိ ဆက်လက်ထိန်းသိမ်းပေးလို့ မျက်နှာလေးကို တနေကုန် ကြာရှည်စွာ ရေဓာတ်ပြည့်နေစေမှာပါ။
OptimHyal ရဲ့ အာနိသင်လေးကတော့ အသားအရေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ Proteins တွေကို လှုံ့ဆော်ပေးပါတယ်။
ဒါကြောင့်မို့ အနက်ရှိုင်းဆုံးအထိ ရေဓာတ်ဖြည့်ပေးနိုင်တာပေါ့။
Step by step အသုံးပြုပုံ
မျက်နှာသစ် >တိုနာသုံး> Serum လိမ်း>Gel/lotion>Hydrating Cream