DAILY RENEWAL SERUM WITH MANDELIC ACID 5ML
ဝက်ခြံတွေကို အမြစ်ပြတ်သုတ်သင်ပေးမယ့် အနီရောင် သူရဲကောင်း Daily Renewal Serum with Mandelic Acid
|
ညစဉ်တိုင်း လိမ်းရတာမို့ (၇) ရက်ပြည့်တာနဲ့ သိသာတဲ့ အာနိသင်ကို တွေ့ရမှာပါ။ |
ALL NEW Gentle Formula နဲ့ Acid ၃မျိုးကို Golden Ratio နဲ့ အညီ အချိုးကျ ထုတ်လုပ်ထားပါတယ်။ |
Mandelic Acid 5% |
Salicylic Acid 2% |
Pyruvic Acid 1% |
Acid တွေရဲ့ အကျိုးကျေးဇူးတွေ ကြည့်လိုက်ရအောင် |
✨ Mandelic Acid ဆိုတာ မက်မွန်သီးရဲ့ အဆီအနှစ်ကနေ ရရှိတဲ့ Alpha Hydroxy Acid(AHA) တစ်မျိုးပါ။ |
💓 Anti-microbial properties ပါဝင်လို့ သေးမှုန်တဲ့ ဘက်တီးရီးယားများကိုပါ ဆန့်ကျင်သုတ်သင်ပေးတယ်။ |
💓 နေလောင်ဒါဏ်ကြောင့် ပျက်စီးနေတဲ့ အရေပြား အပေါ်ယံလွှာကို ဖယ်ရှားပေးပြီး ပိုမိုကောင်းမွန်တဲ့ skin layer အသစ်ကို ပြန်လည်မွေးဖွားပေးတယ်။ |
💓 Skincare လောကမှာဆိုရင် Mandelic Acid က အရေးအကြောင်းတွေကို ဆန့်ကျင်ပေးပြီး ယုံကြည်အားထားရတဲ့ ingredient တစ်မျိုးပါ။ |
💓 အသားအရေဖြစ်စဉ်ကို ညင်သာစွာ ထောက်ကူပေးပြီး dead skin cells တွေကို ဖယ်ရှားပေးတဲ့အတွက် အရောင်မွဲသော အသားအရေနဲ့ fine lines ရှိသူများအတွက် အထူးကောင်းမွန်တယ်။ |
💓 Melasma ဆိုတာ ခန္ဓာကိုယ်ရဲ့ Hormones အပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ အသားအရေ အရောင်ပြောင်းခြင်း (light to dark brown or greyish pigmentation) ဖြစ်စဉ်တစ်မျိုးပါ။ ဒီ melasma ဖြစ်စဉ်ကို (၄) ပတ်အတွင်း (၅၀) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး skin tones ကို ပြု ပြင်ပေးတယ်။ |
💓 Antibacterial properties က ဝက်ခြံတွေကို ကုသတဲ့နေရာမှာ အထောက်အကူပြုပြီး အသားအရေ breakout ဖြစ်ခြင်းကို လျှော့ချပေးတယ်။ |
💓 အသက် (၁၁) မှ (၃၀) အတွင်း ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ cystic acne တွေကို ကုသတဲ့နေရာမှာလည်း Mandelic acid က မပါမဖြစ်ပါပဲ။ |
💓 အရေပြားဆိုင်ရာ အထူးကုဆရာဝန်အချို့ဟာ mandelic acid နဲ့ salicylic acid နှစ်မျိုးကို အချိုးကျပေါင်းစပ်ပြီး ဝက်ခြံတွေကို ကုသပေးကြတယ်။ |
💓 Anti-inflammatory properties က မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်အရွယ်အစားကို ထိန်းညှိပေးတယ်။ |
💓 Mandelic acid ကို အချိန်ကြာညောင်းစွာ စွဲသုံးပေးရင် အသားအရေအတွက် safe ဖြစ်တဲ့အပြင် အသားရောင်ကို ပိုမိုကြည်လင်ဝင်းပပြီး အရွယ်တင်နုပျိုစေတယ်။ |
💓 အသားအရေက အရမ်းထိရှလွယ်ပြီး ဘာလိမ်းလိမ်း အဆင်မပြေတဲ့ sensitive skinတွေအတွက် အထူးသင့်တော်ပါတယ်။ |
💁 Mandelic Acid သုံးရင် အရေပြားက ပါးသွားမှာလား? ဒါမှမဟုတ် Skin က အသစ်ဖြစ်သွားပြီဆိုတော့ sensitive ပိုဖြစ်တော့မှာလား? |
👉 Mandelic Acid Skin Renewal Treatment ကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် dead skin cells တွေကို ကွာကျစေပြီး |
တစ်ချိန်တည်းမှာပဲ အရေပြားပါးသွားမှာတွေ skin sensitive ဖြစ်မှာတွေကို စိုးရိမ်စရာမလိုဘဲ skin cells အသစ်ဖြစ်ပေါ်မှုကို အားပေးတယ် |
❌ ဒါပေမယ့် အခြားသော exfoliating product တွေကို mandelic acid အသုံးပြုနေချိန်မှာ (လုံးဝ) အသုံးမပြုသင့်ပါဘူး။ လိုအပ်တာထက် exfoliating product တွေကို အသုံးပြု ခြင်းက အသားအရေကို အလွယ်အကူ ထိခိုက်စေလို့ပါနော်။ |
✨ Salicylic acid ဆိုတာ keratolytic လို့ခေါ်တဲ့ peeling agent တစ်မျိုးပါ။မာတောင်ပြီး ရောင်နေတဲ့ ဝက်ခြံတွေကို လျော့ပါးသက်သာစေပြီး ဆားဝက်ခြံတွေကို ရှင်းလင်းပေးနိုင်တယ်။ |
💚 Plant-based acid ဖြစ်တဲ့အတွက် အသားအရေကို ချောမွေ့စေတယ်။ |
💚 အားကောင်းတဲ့ acne-fighting ingredient အဖြစ် လူသိများသလို ချွေးပေါက်ပိတ်စေတဲ့ dead skin cells တွေကို ဖယ်ရှားပေးပါတယ်။ |
👨 Beta Hydroxy Acid တစ်မျိုးဖြစ်ပြီး oil-soluble ဖြစ်တဲ့အတွက် အသားအရေအတွက် မလိုအပ်တဲ့ အဆီပိုတွေကို သုတ်သင်ပေးတယ် breakout ဖြစ်ခြင်းမှ ကာကွယ်ပေးတယ်။ |
💁 Salicylic Acid ကို အသုံးပြုတဲ့အခါ moisturizer တစ်မျိုးနဲ့ တွဲလိမ်းပေးဖို့ အကြံပေးချင်ပါတယ်နော်။ |
💁 Mandelic နဲ့ Salicylic Acid တွေဟာ exfoliating acids တွေဖြစ်လို့ နေရောင်ခြည်နဲ့ မထိတွေ့ရတဲ့ ညဘက်တွေမှာ သုံးဖို့ |
အကြံပြုချင်ပါတယ်နော်။ |
💁 ဆားဝက်ခြံ၊ ချွေးပေါက်ကျယ် အသားအရေတွေကို အတွင်းပိုင်းထိချေးချွတ်ပေးနိုင်သလို ဝက်ခြံ အလွန်အမင်း ထွက်ခြင်းတွေကိုလည်း သက်သာစေပြီး Collagen ထွက်အောင် လှုံ့ဆော်ပေးလို့ အသားရေကိုလည်း တင်းရင်းစေပါတယ်။ |
✨ Pyruvic Acid ဆိုတာ အရေပြား ပြသနာတော်တော်များများကို ဖြေရှင်းတဲ့နေရာမှာ နာမည်ကြီးပါတယ်။ သူကတော့ intermediate level ရှိတဲ့ peeling တစ်မျိုးပါ။ ဘယ်လိုပြသနာမျိုးတွေကိုဖြေရှင်းပေးလဲ?? |
💓 ဝက်ခြံ၊ အမာရွတ်၊ အသားအရေ မညီညာမှုတွေမှာ Pyruvic Acid နဲ့ ကုစားလေ့ရှိပါတယ်။ |
💓 နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်မှုတွေကို တွန်းလှန်ပေးတယ်။ |
💓 အသားအရေချောမွတ်လာမယ် အရေးအကြောင်းတွေလျော့နည်းလာမယ်။ အမဲစက် တင်းတိပ်တွေ ပါးလာမယ်။ |
💓အနက်ရှိုင်းဆုံးထိ ပြုပြင်ပေးဖို့ Pyruvic Acid က အခရာပါ။ |
အသားအရေ အတွင်းဆုံးထိ ကြည်လင်နေဖို့ Daily Renewal Serum လေးကို သုံးကြရအောင်နော်။ |
Weight:
5 ml
MMK27,500
Description
Review & Rating