Set ထဲမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေကတော့
- Renewal Serum wiith Mandelic Acid 18% (5 ml)
- Hydrating Essence Toner (30 ml)
- Extra Hydrating Lotion (15 ml)
1. Renewal Serum wiith Mandelic Acid 18% (5 ml)
အဆီပြန် ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ၊ အသားအရေ ညစ်ထပ်ထပ်ဖြစ်လို့ skin tone ဝင်းလက် ကြည်လင်ချင်သူတွေ ဝက်ခြံပေါက်ပြီး အမဲစက်ကျန်ခဲ့သူတွေ၊ ဆားဝက်ခြံနဲ့ အဆီဖုတွေကြောင့် ယုံကြည်မှုပျောက်ဆုံးနေသူတွေ သုံးပေးသင့်ပါတယ်နော်။
MA3PELL Technology နဲ့ ထုတ်လုပ်ထားတာကြောင့် အသားအရေရဲ့ ဆဲလ်လည်ပတ်မှုကို အဓိက အဆင့် (၅) ဆင့်ဖြင့် ကောင်းမွန်စွာ လည်ပတ်စေတယ်။ ကျန်းမာနုပျို ဆဲလ်သစ်တွေကို ပြန်လည်မွေးဖွားစေပြီး အသားအရေကို စိုပြေစေတယ်။
ချွေးပေါက်တွေကို သန့်စင်ပေးပြီး ဝက်ခြံထပ်မဖြစ်အောင် ကာကွယ်တားဆီးပေးတယ်။ Intensive Renewal Serum with Mandelic Acid 18% ကို ညဘက်သာ သုံးပေးသင့်ပြီး တပတ်ကို နှစ်ရက်သာ သုံးသင့််ပါတယ်နော်။
Mandelic serum အသုံးပြုထားတဲ့ အသားအရေက skin renewal ဖြစ်သွားတဲ့အတွက် နောက်နေ့မနက်ခင်း အပြင်ထွက်တဲ့အခါ sunscreen လေးကို လိမ်းပေးရပါမယ်နော်။
2. Hydrating Essence Toner (30 ml)
Hylucomplex technology ကြောင့် အသားအရေရဲ့ moisturizer ဓာတ်ကိုထိန်းညှိပေးပြီး အခြားတိုနာတွေနဲ့မတူဘဲ့ alcohol ပါဝင်မှုလုံးဝမရှိလို့ sensitive skin ပါအသုံးပြုလို့ရတယ်။
Double cleansing effect နဲ့ အသားအရေထဲကိုစိမ့်ဝင်နိုင်စွမ်းရှိပြီး ရေဓာတ်အဓိကဖြည့်ပေးနိုင်လို့ dehydrated skin တွေအတွက် တော်တော်လေးအဆင်ပြေတဲ့ product တစ်ခုပါ။
Make-up remover နဲ့ မိတ်ကပ်ဖျက်ပြီး cleansing လုပ်ထားပေ့မယ့် ကျန်နေသေးတဲ့ ဆဲလ်သေအညစ်အကြေးတွေကို အကောင်းမွန်ဆုံး သန့်စင်ပေးပြီး fresh and clean condition လေးကို အမြန်ဆုံးရောက်ရှိစေလို့ နောက်ထပ်သုံးမယ့် serum, moisturizer အာနိသင်တွေကို ယခင်ကထက်ပိုပြီးအစွမ်းထက်စေမယ်။
Hydrating Essence toner လေးကို အသုံးပြုတဲ့အတွက်ကြောင့် အသားအရေရဲ့ PH Level ကိုထိန်းညှိပေးနိုင်တဲ့အပြင် ချွေးပေါက်တွေကိုသန့်စင်ပေးပြီး အသားအရေကို ဆဲလ်သေ၊ အညစ်အကြေးရန်တွေကနေ ကာကွယ်ပေးတဲ့အတွက် ဝက်ခြံဖြစ်မှာလည်းမဆိုးရိမ်ရတော့ဘူးပေါ့။
3. Extra Hydrating Lotion (15 ml)
Hyalronic Acid လေးပါဝင်လို့ ရေဓာတ်ကို အပြည့်ဝဆုံးဖြည့်တင်းပေးမှာမို့ အသားခြောက် ပက်ကြားအက်ခြင်းတွေကို ဘိုင့်ဘိုင် လို့သာပြောလိုက်နော်။
Hydrating lotion ကို မျက်နှာပေါ်မှာစက်ဝိုင်းပုံစံ သေချာနှိပ်နယ်ပြီး လိမ်းပေးလို့ရပါတယ်။
Hydrating lotion လိမ်းပြီးလို့ အခြား skincare, make-up တွေ အသုံးပြုတဲ့အခါမှာလည်း စီးကပ်ကပ်ထူထူကြီးမဖြစ်ဘဲ ပါးပါးကြည်ကြည်လေးနဲ့ Glow look လေးရရှိအောင် အားဖြည့်ပေးနိုင်ပါတယ်။
ပုံမှန်အသုံးပြုရင် အသားအရေကို အေးမြကြည်လင်စေရုံမက နူးညံ့ချောမွတ်လာစေမှာပါ။
Step by Step ဘယ်လိုလိမ်းရမလဲ??
မျက်နှာသစ်ပြီးတာနဲ့
Step 1> Mandelic acid 18% serum (၂ရက်ခြားတစ်ခါ ညပိုင်းသာလိမ်းရန်)
Step 2> Hydrating Essence Toner (နေ့ရောညပါ သုံးလို့ရ)
Setp 3> Extra Hydrating Lotion (နေ့ရောညပါ သုံးလို့ရ)
Pre-caution: Mandelic Acid ပါဝင်သောကြောင့် Renwal serum လိမ်းနေစဉ်ကာလအတွင်း အခြား Exfoliate Products များအား ရှောင်ကြဉ်ပါ။