English

  • မြန်မာ
  • English
Dr.Wu Intensive Hydrating Serum with Hyaluronic Acid (Light- 15ml)

💙 Hydrating Serum (light) လေးက အဆီပါဝင်မှု အနည်းဆုံးနဲ့ အစိုဓာတ်ကို အပြည့်အဝထိန်းသိမ်းပေးထားတော့ အသားထဲ
ခပ်မြန်မြန်စိမ့်ဝင်လွယ်ပြီး အဆီဖုထဖို့ ရာခိုင်နှုန်း နည်းသွားတယ်။

💙 Hydrating Serum (light) ဟာဆိုရင် ဓာတ်တိုးခြင်းကို အဓိကကာကွယ်တားဆီးပေးပြီး အရေပြားအလွှာတွေထဲအထိစိမ့်ဝင်ပြီး ရေဓာတ်ကိုအကြာကြီးထိန်းပေးနိုင်ပါတယ်။

💙 အပေါ်ယံပဲ အစိုဓာတ်ထိန်းပေးတာမဟုတ်လို့ မျက်နှာအရေပြားကို သိသိသာသာ ကြည်လင်တင်းရင်းလာအောင် လုပ်ပေးနိုင်တယ်။

💙 ပျက်ဆီးနေတဲ့ မျက်နှာအရေပြားကို ပြန်လည်ပြု ပြင်ပေးပြီး နဂိုအတိုင်းပြန်လည်ရောက်ရှိစေတယ်။

💙 အသားအရေကြမ်းတမ်းခြင်းကို သက်သာစေပြီး နူးညံ့ပြီးချောမွေ့တဲ့ အသားအရေအထိအတွေ့ကို ဖြစ်စေပါတယ်။

💙 ဆဲလ်အသစ်ဖြစ်ပေါ်တာကို အထောက်အကူပြုပြီး အရေပြား အိုမင်းရင့်ရော်တာကို အထိုက်အလျှောက်တားပေးနိုင်ပါတယ်နော်။

DR.WU Hydrating Series လေးကို Fifth-generation HYALUCOMPLEX Hydrating System နဲ့ထုတ်ထားပါတယ်။

Hyalu-Complex Hydrating Formula ရဲ့ အကျိုးကျေးဇူးလေးတွေ ရှင်းပြပေးမယ်နော်။

Sodium Hyaluronate ရဲ့ အာနိသင်က Locks in Moisture (လျင်မြန်စွာ အစိုဓာတ်/ရေဓာတ်ထိန်းသိမ်းပေးတဲ့ အာနိသင်) လို့ ပြောလို့ရပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် အရေပြားပေါ်မှာ Moisture ဓာတ်တွေကို ထိန်းသိမ်းဖို့အတွက် တင်းတင်းလေးနဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အလွှာတစ်လွှာအဖြစ် ဖန်တီးလိုက်တယ်။ ပြီးတာနဲ့ ရေဓာတ်ဆုံးရှုံးမှုကို အဆုံးစွန်ထိ ကာကွယ်ပေးတယ်။

Hyalo-Oligo ရဲ့ အာနိသင်က Replenishes Moisture (လျင်မြန်စွာ အစိုဓာတ်/ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ အာနိသင်)
လို့ ပြောလို့ရပါတယ်။ ဘယ်လိုအာနိသင်မျိုးပေးမလဲဆိုရင် သူ့ရဲ့ ပေါ့ပါးတဲ့ မော်လီကျူးလေးတွေကြောင့် အသားအရေထဲ စိမ့်ဝင်နိုင်မှု အမြင့်ဆုံးပေးနိုင်တယ်။ အဲ့တော့ ရေဓာတ်ပြည့်ဝစေမယ့် အာဟာရတွေကို အသားအရေရဲ့အတွင်းပိုင်းအထိ ပို့ဆောင်ပေးပြီး ရေဓာတ်ဆုံးရှုံးခြင်းကို ပြုပြင်ပေးတယ်။

Hyalufix GL ရဲ့ အာနိသင်က Retains Moisture (အစိုဓာတ်/ရေဓာတ်ကို အမြင့်ဆုံး/အကောင်းဆုံး level အထိ
ဆက်လက်ထိန်းသိမ်းပေးတဲ့ အာနိသင်) လို့ပြောချင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုရင် ဖြည့်တင်းပေးပြီးသား ရေဓာတ်တွေကို ထပ်ပြီး မဆုံးရှုံးအောင် အမြင့်ဆုံး level အထိ ဆက်လက်ထိန်းသိမ်းပေးလို့ မျက်နှာလေးကို တနေကုန် ကြာရှည်စွာ ရေဓာတ်ပြည့်နေစေမှာပါ။

OptimHyal ရဲ့ အာနိသင်လေးကတော့ အသားအရေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ Proteins တွေကို လှုံ့ဆော်ပေးပါတယ်။
ဒါကြောင့်မို့ အနက်ရှိုင်းဆုံးအထိ ရေဓာတ်ဖြည့်ပေးနိုင်တာပေါ့။

Weight: 
15 ml
MMK67,900
0
0 Review
Description
Review & Rating

Average Rating (0 REVIEWS)

5 Stars
0
4 Stars
0
3 Stars
0
2 Stars
0
1 Stars
0

Related Products

FOR THE SKIN SUPER FOOD REAL VEGIFARM CLEANSING WATER (260ML)
MMK29,600
FOR THE SKIN SUPER FOOD REAL VEGIFARM CLEANSING LOTION (260ML)
MMK29,600
FOR THE SKIN RADIANCE VITA PRO BIO CREAM AMPOULE (50ML)
MMK38,600
FOR THE SKIN RADIANCE VITA FACE & BODY MIST SERUM (110ML)
MMK38,600
FOR THE SKIN RADIANCE VITA BIO-EX AMPOULE SERUM (70ML)
MMK38,600
FOR THE SKIN RADIANCE VITA BIO-CREAM (60ML)
MMK35,550